သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေးခြင်းဆောင်ရွက်

သရက်ချောင်း ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများအား ထုတ်ပေးလျက်ရှိသည်။

ပင်စင်လစာငွေများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် ၎င်း၏ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း၊ သရက်ချောင်းမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ် ပင်စင်လစာငွေများထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားလူဦးရေ စုစုပေါင်း(၆၈၁)ဦးရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ယုယုဋ္ဌေးထံမှ သိရသည်။

ပြည့်ဖြိုးပိုင်