သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးအသိပညာပေး Talk Show ပြုလုပ်
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီကိုရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ပြည်သူများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို သိရှိနားလည် တတ်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show) ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။