ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန အခြေခံပန်းချီသင်တန်းဖွင့်လှစ်

ကျောက်တန်း ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်၌ ကျောင်းသားကျောင်းသူများ ပန်းချီပညာတက်ရောက်စေရန်ရည်ရွယ်ပြီး အခြေခံပညာပန်းချီသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်၁၀နာရီက Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။ 

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချို ကသင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဆရာမဒေါ် ​ကြည်စုရတီမှ ကျောင်းသား၊ ကျောင်းသူများအား ပန်းချီ အခြေခံပညာကို စတင်သင်ပြပေးခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်း သူ(၀)ဦးတို့က စိတ်ပါဝင်စားစွာ လေ့ကျင့်သင်ယူလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရပ်များတွင် ကျောင်းသား ကျောင်းသူများအား သင်တန်းများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းကို သိရသည်။

မြို့နယ် (ပြန်/ ဆက်)