တွံတေး၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေး ပွဲများဖြေဆို

တွံတေး ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ ယနေ့နံနက်ပိုင်းမှစ၍ မြန်မာနိုင်ငံတစ်ဝှမ်း စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲတွင် Grade-5 မှ ကျောင်းသား(၁၄၃၆)ဦး၊ ကျောင်းသူ (၁၃၂၃) ဦးကို စာစစ်ဌာန (၁၇၇)ခု​​တွင် စုစုပေါင်း(၂၇၅၉)ဦး ဝင်ရောက်ဖြေဆိုသည့်အတွက် ၉၇.၈၄% ရှိပြီး Grade-9မှ ကျောင်းသား(၈၇၅)ဦး ကျောင်းသူ (၉၅၀)ဦးကို စာစစ်ဌာန(၅၂)ခု စုစုပေါင်း ( ၁၈၂၅) ဝင်ရောက်ဖြေဆိုသည့်အတွက် ၉၇.၂၃% ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။ Grade-5 စာမေးပွဲ သည် ခရိုင်စစ်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၂ရက်နေ့မှ ၂၈ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာဖြင့်လည်းကောင်း၊ Grade-9 စာမေးပွဲသည် တိုင်းစစ်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၂ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ တစ်နေ့လျှင် တစ်ဘာသာဖြင့်လည်းကောင်း ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးတာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိသည်။

တွံတေးသား (ပြန်/ ဆက်)