မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် အခြေခံပညာကျောင်းများ(စာစစ်ဌာန)၌ Grade-9 နှင့် Grade-5 အစိုးရစစ်စာမေးပွဲများ စတင်ဖြေဆို

မိုးကုတ် ဖေဖော်ဝါရီ ၂၃

မန္တေလးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-9 နှင့် Grade–5 နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က အခြုခံပညာကျောင်း(စာစစ်ဌာန)များ၌ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖြေဆိုရာတွင် အခြေခံပညာအလယ်တန်းအဆင့် Grade-9 သင်ရိုးဟောင်းစာမေးပွဲကို မြို့နယ်အတွင်း စာစစ်ဌာန(၂၃)ခုတို့တွင် ကျင်းပဖြေဆိုလျက်ရှိပြီး စာရင်းရှိ ကျောင်းသား(၁၆၃)ဦး၊ ကျောင်းသူ(၁၉၄)ဦး စုစုပေါင်း(၃၅၇)ဦး၊ ဖြေဆိုသူ ကျောင်းသား(၁၄၁)ဦး၊ ကျောင်းသူ(၁၇၃)ဦး စုစုပေါင်း(၃၁၄)ဦး၊ ပျက်ကွက်ကျောင်းသား (၂၂)ဦး ကျောင်းသူ(၂၁)ဦး စုစုပေါင်း(၄၃)ဦးရှိပြီး ဖြေဆိုရာခိုင်နှုန်း ၈၇.၉၆% နှင့် ပျက်ကွက်ရာခိုင်နှုန်း ၁၂% ရှိကြောင်း သိရသည်။

ထို့အတူ အခြေခံပညာမူလတန်းအဆင့် Grade-5 ဖြေဆိုခြင်းကို မြို့နယ်အတွင်း စာစစ်ဌာန(၄၁)ခုတို့၌ စာရင်းရှိကျောင်းသား(၉၅)ဦး၊ ကျောင်းသူ(၁၁၂)ဦး စုစုပေါင်း (၂၀၇)ဦး၊ ဖြေဆိုသူကျောင်းသား (၈၂)ဦး၊ ကျောင်းသူ(၉၅)ဦး စုစုပေါင်း (၁၇၇)ဦး၊ ပျက်ကွက်ကျောင်းသား (၁၃)ဦး၊ ကျောင်းသူ(၁၇)ဦး စုစုပေါင်း(၃၀)ဦးရှိပြီး ဖြေဆိုရာခိုင်နှုန်း ၈၅.၅%နှင့် ပျက်ကွက်ရာခိုင်နှုန်း ၁၄.၅% ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို ယနေ့မှစ၍ မတ်လ (၃) ရက်နေ့အထိ နေ့စဉ်နံနက် (၉)နာရီမှ (၁၁)နာရီအထိ (၆)ရက်ကြာ ဖြေဆိုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကြည်ကြည်နွဲ့