မြောင်းမြမြို့ မြစိမ်းရောင်တောင်တော်ပေါ်တွင် တည်ထားကိုးကွယ် ပူဇော်မည့် အမရဝတီ ဆင်ဖြူတောင် စေတီတော် စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားနှင့် ပြည်လုံးကပ်ကာ စေတီတော် စိန်ဖူးတော်တို့ကို မြို့တွင်း လှည့်လည်အပူဇော်ခံ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်ပေါ်တွင် တည်ထားပူဇော်မည့် ဆင်ဖြူတောင်စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နား၊ ထီးတော်နှင့် ပြည်လုံးကပ်ကာစေတီတော် စိန်ဖူးတော်တို့ကို မြောင်းမြမြို့နေ ပြည်သူများ ဖူးမျှော် ကြည်ညိုနိုင်ရန်အတွက် ယမန်နေ့ညနေ ၄:၃၀ အချိန်က မြို့တွင်းလှည့်လည် အပူဇော်ခံခဲ့သည်။