ပေါက်တောမြို့၌ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show)ဆောင်ရွက်

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူလူထုများအတွက် အသိပညာဗဟုသုတပေးခြင်းအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က “လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခြင်းအစီအစဉ်ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။

ဆောင်းဆီထွက်သီးနှံ (နေကြာ)တစ်ကွင်းတစ်ဆက်တည်းဧက(၁၀၀)စံပြကွက် ရွက်ဖျန်းမြေဩဇာ ထောက်ပံ့

ပြည်နယ်အတွင်း စားသုံးဆီဖူလုံမှုတိုးတက်ရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ် အစရှိသော ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည်  ယမန်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ ပေါ့ထော်ကျေးရွာအုပ်စု မင်းဇီတောင်သူကွင်းရှိ တစ်ကွင်းတစ်ဆက်တည်း ဧက(၁၀၀) ဆောင်းဆီထွက်သီးနှံ(နေကြာ) စိုက်တောင်သူများအား ရွက်ဖျန်းမြေဩဇာများ ထောက်ပံ့ပေးအပ်သည်။

ပေါက်တောမြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား U-25 ရပ်ကွက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပမည်

ပေါက်တောမြို့၌ ၂၀၂၃ ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား U-25 ရပ်ကွက် ကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အပြည့်အဝအထောက်အကူပြုစေရန်၊ အားကစားပွဲတော်မှ ထွက်ပေါ်လာမည့်ထူးချွန် အား ကစားသမားများမှသည် နိုင်ငံတော်အတွက်အားထားရသော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ပေါက်တောမြို့ရှိ  ပေါက်တောရွှေမြေအားကစားကွင်း၌ ဖေဖော်ဝါရီ ၂၅ ရက်တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးမြမင်းထွန်းထံမှ သိရသည်။

ဒလမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ နှစ်ဆုံးစာမေးပွဲများ ဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်ပိုင်းမှစ၍ မြန်မာနိုင်ငံတစ်ဝှမ်း စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း အဆိုပါမြန်မာ့စီးရေးဘဏ်မှ သိရသည်။

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ၂၀၂၃ အကြိုလှုပ်ရှားမှုအဖြစ် တွံတေးမြို့နယ်၌ မျက်စိကွင်းဆင်းကုသဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်  မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)အကြိုလှုပ်ရှားမှု  မျက်စိအတွင်းတိမ်လူနာများ၊ အခမဲ့ခွဲစိတ်ကုသမှုအစီအစဥ်ဖြင့် တွံတေးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် ၁၀ နာရီက အဆိုပါဆေးရုံလူနာစောင့်နားခိုဆောင်တွင် ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးတော်မူကြသော ဆရာတော် သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား ဆွမ်း၊ ကွမ်းအခက်အခဲများ အဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်(၈)နာရီ က ဟိုပန်မြို့နယ်၊ ရဌပါလမဟာဗောဓိကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်များအား ဆက်ကပ်လှူဒါန်းခဲ့သည်။
Subscribe to