သန်လျင် ဖေဖော်ဝါရီ ၂၃
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အခြေခံပညာ Grade – 5 နှင့် Grade - 9 စာမေးပွဲများကို ယမန်နေ့နံနက် (၉) နာရီအချိန်မှစ၍ သန်လျင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ တစ်ပြိုင်တည်း စတင်ကျင်းပခဲ့သည်။
အဆိုပါ စာမေးပွဲများစစ်ဆေးရာသို့ သန်လျင်ခရိုင်ပညာရေးမှူး ဦးဘသန်း၊ သန်လျင်မြို့နယ် ပညာရေးမှူး ဦးခင်မောင်ဝင်းနှင့်တာဝန်ရှိသူများက စာစစ်ဌာနများသို့ လိုက်လံကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိကြီးကြပ်ရေးမှူးများအား မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယခုနှစ် သန်လျင်မြို့နယ်၊ Grade – 5 စာမေးပွဲကို ခရိုင်အဆင့်စစ်ဆေးခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၂၅၆၅) ဦး၊ ဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်းထားပြီး Grade - 9 စာမေးပွဲကို တိုင်းအဆင့်စစ်ဆေးခြင်းဖြစ်ကာ ကျောင်းသား၊ ကျောင်းသူ (၂၇၀၅) ဦးတို့ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သန်လျင်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်ဆက်)