ဘုတ်ပြင်းမြို့၌ GAHP(ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်) ဝက်မွေးမြူရေးသင်တန်းပြုလုပ်
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် မွေးမြူနှင့်ကုသရေးဦးစီးဌာနမှ Good Animal husbandry Practices (ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်) ဝက်မွေးမြူရေးသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။