တောင်ကုတ် ဖေဖေါ်ဝါရီ ၂၃
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က ဒေသတည်ငြိမ်အေးချမ်းရေးနှင့်ဒေသဖွံ့ဖြိုးရေး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အသေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများတိုးတက်ဖွံ့ဖြိုးရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဒေသတည်ငြိမ်အေးချမ်းရေး၊ သောက်သုံးရေဖူလုံစွာရရှိရေး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)