ကျောက်တန်းမြို့နယ်တွင် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းတွင်းစစ်စာမေးပွဲများဖြေဆို

ကျောက်တန်း ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အလယ်တန်း၊ အထက်တန်းအဆင့်ကျောင်းတွင်းစစ်စာမေးပွဲကို တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ယမန်နေ့ နံနက် ၉နာရီအချိန်မှစတင်ဖြေဆိုလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း သိရသည်။

အခြေခံပညာကျောင်းတွင်းစစ်စာမေးပွဲတွင် အလယ်တန်းအဆင့်တွင် Grade-5 (၁၈၃၇)ဦး၊ Grade-9 (၁၄၃၇)ဦး စုစုပေါင်း အလယ်တန်း၊ အထက်တန်းဖြေဆိုသူ (၃၂၇၄)ဦးဖြေဆိုခဲ့ ကြကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်းစစ် စာမေးပွဲ မြို့နယ်အတွင်းရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် တစ်ပြိုင်နက် စတင်ဖြေဆိုစတင်ဖြေဆိုကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ ဆက်)