၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်အောင် ဆောင်ရွက်ပေးခဲ့သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခမ်းမတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်အောင် ဆောင်ရွက်ပေးခဲ့သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲအခမ်းအနားတက်ရောက်

၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်ခရိုင်၊ သာပေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ သော်ကခန်းမတွင် ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ညောင်တုန်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ လှိုင်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားမဲတောင်သဘာဝဥယျာဉ်၌ လူစီး Cable Slide ဖွင့်လှစ်

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၈၀) ဖြင့် Flying Zipline (လူစီး Cable Slide) နှင့် ခြေနင်းအပျော်စီးရထား ဖွင့်ပွဲကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ဘားမဲတောင်သဘာဝဥယျာဉ်၌ ကျင်းပသည်။

ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ကရင်ကျောင်းလမ်းရှိ ကွန်ပျူတာတက္ကသိုလ်( ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ‌ကျင်းပပြုလုပ် ခဲ့သည်။

အ.ထ.က-ခွဲ(၅ ရပ်ကွက်)တွင် ကျောင်းသား၊ ကျောင်းသူများကို မွေးမြူရေးအထူးပြုဘာသာရပ်အကြောင်း အသိပညာပေးဟောပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင်  စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံပညာအထက်တန်းကျောင်း၌ သင်ကြားမည့် မွေးမြူရေးအထူးပြုဘာသာရပ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း-ခွဲခန်းမတွင် ဆောင်ရွက်ခဲ့သည်။

မိုးညှင်းတက္ကသိုလ်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲနှင့် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ (၂၉) ရက် နံနက်ပိုင်းက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။

ကျောက်ဆည်တက္ကသိုလ်၌ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်၍ မီးဘေးလုံခြုံရေး စနစ်တကျရှိစေရေးနှင့် မီး‌လောင်မှုဖြစ်ပွားမှု လျော့နည်း‌စေရေးအတွက် မီးသတ်ဦးစီးဌာနနှင့် ကျောက်ဆည်တက္ကသိုလ်တို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့်လက်တွေ့သရုပ်ပြပွဲအခမ်းအနားကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ THEATER ခန်းမ၌ ပြုလုပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲ အခမ်းအနားကို ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါ တက္ကသိုလ်ရှိ THEATER ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဗိုလ်တထောင်မြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း မြဝတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to