သရက်မြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက်မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက  သရက်မြို့ သတ္တဌာနဘုရားကြီးဝန်းအတွင်း၌  ကျင်းပခဲ့သည်။

ဗိုလ်တထောင်မြို့နယ်အတွင်း မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပေါ်စေရေးအတွက် အသိပညာ‌ပေး ဆော်ဩမှုများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မီးသတိမူရေး အသိပညာပေး ဆော်ဩခြင်းလုပ်ငန်းများကို တာမွေမြို့နယ် မီးသတ်စခန်းမှ ဆောင်ရွက်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် မေရှိုးမန်းသယ်ယူပို့ဆောင်ရေး သမဝါယမအသင်းလီမိတက်၏ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်း အဝေးကို ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက  ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)၊  မြမာလာဓမ္မာရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့၊ မင်းဂံဆင်းလမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင် ပြည်နယ်အဆင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းအခမ်းအနားတက်ရောက်

ပြည်နယ်အဆင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းအခမ်းအနားကို ဇန်နဝါရီ (၃၀) ရက် မွန်းလွဲ (၂) နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်း အနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်ပြည်သူ့ကျန်း မာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများ၊ ဖိတ်ကြား ထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဘားအံတက္ကသိုလ်၌ အကြမ်းဖက်မှု ကြိုတင်ကာကွယ်တားဆီးရေး၊ တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်

ကရင်ပြည်နယ် ဘားအံတက္ကသိုလ်၌ အကြမ်းဖက်မှုကြိုတင်ကာကွယ်တားဆီးရေး၊ တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁:၀၀) နာရီက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရုံးဝန်ထမ်းများ စုစုပေါင်း (၆၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တီးတိန်မြို့၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနက နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုး လွှမ်းခြုံမှု ပိုမိုမြင့်မားစေရေး ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက တီးတိန်မြို့နယ် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

တနိုင်းမြို့နယ်တွင် နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားရေးနှင့် လွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားရေးနှင့် လွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ  ပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၁ နာရီက ဟူးကောင်းခန်းမှ၌ ကျင်းပပြုလုပ်သည်။

ဆင်ပေါင်ဝဲမြို့၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေး အသိပညာပေးဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပသည့်အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to