မဲခေါင်သိပ္ပံ၏ အမှုဆောင်ညွှန်ကြားရေးမှူး (Executive Director) ရာထူးလျှောက်ထားနိုင်

မဲခေါင်သိပ္ပံ (Mekong Institute-MI) ၏ လက်ရှိအမှုဆောင်ညွှန်ကြားရေးမှူး (Executive Director) သက်တမ်းမှာ ၂ဝ၂၆ ခုနှစ် ဩဂုတ်လတွင် ကုန်ဆုံးမည်ဖြစ်သဖြင့် Executive Director အသစ်ရွေးချယ်ခန့်အပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ စိတ်ပါဝင်စားပြီး သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသည့် မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဂန့်ဂေါမြို့၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်း ဖွင့်လှစ်

(၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင်ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ  ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ကျောက်တစ်လုံးကြီးမြို့၊ ကက္ကူကျေးရွာအုပ်စု၊ ကက္ကူကျေးရွာ၊ လှိုင်ကွန်းဟိုတယ်အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

သုံးခွမြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်‌စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား နေ့လယ်စာအာဟာရကျွေးမွေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား၊ ကျောင်းသူများအား နေ့လယ်စာအာဟာရ ကျွေးမွေးခြင်းကို ယမန်နေ့‌ နေ့လယ် (၁၁) နာရီက အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ငဖဲမြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် မြို့နယ်အတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပခုက္ကူမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ (၂၄)ကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/သင်တန်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

မိုင်းရှူးမြို့၌ (၇၉)နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာဆောင်းပါးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်အဆင့် (၇၉)နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာဆောင်းပါးပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စိုက်ပျိုးထားသောကျေးရွာသုံး စိုက်ခင်းမှ ထွက်ရှိသောထင်းနှင့်မျောတိုင်များအား ပြည်သူများအား ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တောပြုန်းတီးမှုမှ ကာကွယ်ရေးနှင့်ပြည်သူများထင်းသုံးစွဲမှု အထောက်အပံ့ရရှိရေး ယမန်နေ့နံနက် ၁၀ နာရီက မြစ်သားမြို့နယ် ပြက္ခရွေကြိုးဝိုင်းအကွက်အမှတ်(၃)၌ ကျေးရွာသုံးစိုက်ခင်းမှထွက်ရှိသော ထင်းများအား ပွဲလုံးကျော်ကျေးရွာမှ ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့ ကျိုက်ခေါက်စေတီဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကို ယနေ့နံနက် (၆) နာရီတွင် စေတီတော်အထက်ပစ္စယံ၌ ကျင်းပသည်။

စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် စဉ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက စဉ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့​သည်။
Subscribe to