ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများပိုမို ဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၌ ကာကွယ်ဆေးထိုး လွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုး နှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမို ဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။

ထားဝယ်မြို့၌ ရွေ့လျားစာကြည့်တိုက်ဖြင့် သုတ/ရသ စာအုပ်၊ စာစောင်များ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့် တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များ တင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေးခဲ့သည်။

မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ အမျိုးသမီးများအား အကြမ်းဖက်မှု၊ တရားမဝင် လူကုန်ကူးမှုနှင့် သက်ငယ်မုဒိန်းမှုများ ကာကွယ်စောင့်ရှောက်ရေးအသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ အမျိုးသမီးများအား အကြမ်းဖက်မှု၊ တရားမဝင်လူကုန်ကူးမှုနှင့် သက်ငယ်မုဒိန်းမှုများ ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇန်နဝါရီ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁) ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပဉ္စမအကြိမ် စာအောင်ဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက် ကြည်ညို၍ ဆုများချီးမြှင့်အပ်နှင်း

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်ပံ့ပိုးမှုဖြင့် ပဉ္စမအကြိမ်မြောက် စာအောင်ဆုနှင်း သဘင်အခမ်းအနားကို မြစ်ကြီးနားမြို့ သာသနာ့ဗိမာန်တော်၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များ၊ သီလရှင်ဆရာကြီး များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ် ကြသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်၀န်‌ဆောင်မိခင်များနှင့် မွေးစမှ အသက်၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်၀န်ဆောင်မိခင်များနှင့် မွေးစမှအသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် သတ်မှတ်စုရပ်ရပ်ကွက်အသီးသီးတွင် နေ့ရက်များအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြိတ်မြို့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ MNCH and Data Training for Volunteers သင်တန်း ဖွင့်လှစ်

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ပြည်သူလူထုအခြေပြု မိခင်၊ မွေးကင်းစကလေးနှင့်ငါးနှစ်အောက်ကလေးများ ပြုစုစောင့်ရှောက်မှုပေးခြင်းအတွက် High Impact Maternal, Newborn and Child Project (HI-MNCH) စီမံချက်ဖြင့် MNCH and Data Training for Volunteers သင်တန်းကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဇန်နဝါရီ(၃၀)ရက် နံနက်ပိုင်းက Hotel Grand Jade ခန်းမတွင် ဖွင့်လှစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာအား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းနှင့် အဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်မည့် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးကြိုတင်စစ်ဆေးခြင်းအား ၂၀၂၆ ခုနှစ် ယမန်နေ့ ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

သရက်ချောင်းမြို့နယ်၌ ဆောင်းသီးနှံ အောင်မြင်ဖြစ်ထွန်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ မိုးစပါးရိတ်သိမ်းအပြီး သီးထပ်စွမ်းအားတိုးတက်စေရန် ဆောင်းသီးနှံအဖြစ် မတ်ပဲ၊ ပဲလွန်း၊ နေကြာ၊ နှမ်း၊ မြေပဲ၊ အစေ့ထုတ်ပြောင်း၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်နှင့်ပလိပ်မြို့နယ်ခွဲတို့၌ ရည်ညွှန်းဈေးဖြင့် စားအုန်းဆီ ၁၂၁၀ ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင် စားသုံးဆီအရောင်းဆိုင်များမှ ယမန်နေ့က စဉ့်ကိုင်မြို့နှင့်ပလိပ်မြို့နယ်ခွဲတို့၌ ရည်ညွှန်းဈေးဖြင့် စားအုန်းဆီ ၇၂၅၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Subscribe to