ထန်းတပင်မြို့နယ်အတွင်း ကျေးလက်လမ်း၊ တံတားလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

ထန်းတပင် ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ရွှေဝါဝါမြင့်မိုရ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကျောက်တိုင်ဆိပ်-တရုတ်စုကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီ ၂၈ ရက်နေ့က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)၊ မှော်ဘီခရိုင်လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) နှင့် တာဝန်ရှိသူများက ကျောက်တိုင်ဆိပ်-တရုတ်စုကျေးရွာချင်းဆက်လမ်းအရှည်ပေ (၂၈၅၀)၊ အကျယ် (၁၆) ပေ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား သတ်မှတ်အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန်နှင့် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးနှင့် စီးပွားရေးပိုမိုအဆင်ပြေချောမွေ့စေရေးတို့အတွက် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားကြရန်တို့ကို ကုမ္ပဏီမှ တာဝန်ရှိသူများအား ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်