ရခိုင်ပြည်နယ်ဝန်ကြီးချုပ် MSME ထုတ်ကုန်ပြပွဲ အခမ်းအနား၌ ဖျော်ဖြေတင်ဆက်မည့် ရခိုင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့မှ  ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းအခမ်းအနား တက်ရောက်

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ၊ MSME ထုတ်ကုန်ပြပွဲအခမ်းအနား၌ ဖျော်ဖြေတင်ဆက်မည့် ရခိုင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့မှ  ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။

ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများ စစ်ဆေး

ကျောက်တန်းမြို့နယ်၊ ရွှေ​ပြည်သာယာ​ရပ်ကွက်အတွင်း မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် အသိပညာပေးဆောင်ရွက်မှုကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

သန်လျင်မြို့နယ် ကုလားဝဲ အ.လ.က ကျောင်း၌ KG တန်း ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး

သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ အခြခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက ကုလားဝဲအခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ လက်ကမ်းစာစောင်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲကို ကျင်းပခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လသာမြို့နယ် အမှတ် (၂) အ‌ခြခံပညာအထက်တန်းကျောင်း၌ ၂၀၂၅–၂၀၂၆ ပညာသင်နှစ် တိုင်းရင်းသားဝတ်စားဆင်ယင်မှုပြပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမြညီလာခန်းမ၌ ယနေ့နံနက်‌ ၁၀ နာရီအချိန်က ၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွက် တိုင်းရင်းသားဝတ်စားဆင်ယင်မှုပြပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လသာမြို့နယ် အမှတ် (၂) အ‌ခြခံပညာအထက်တန်းကျောင်း၌ ၂၀၂၅–၂၀၂၆ ပညာသင်နှစ် ထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းအချိန်က ထမနဲထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 မြဝတီမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဥ် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့အရန်မီးသတ်တပ်ဖွဲ့စခန်းတွင် ယနေ့နံနက် ၉ အချိန်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဥ် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မောင်အောင်က သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားခဲ့သည်။

ငွေဆောင်မြို့တွင် ဟိုတယ်များမှ မန်နေဂျာ၊ကြီးကြပ်ရေးမှူးအဆင့်ရှိ ဝန်ထမ်းများအတွက် ဖွင့်လှစ်ခဲ့သည့် ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှု စွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် (၂၆.၁.၂၀၂၆)ရက်နေ့မှ (၃၀.၁.၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် Supervisory Skills Managment Course သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ယမုံနာဦးဟိုတယ် Ball Room ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြား​မှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ ငွေဆောင်မြို့ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ သင်း(ငွေဆောင်ဇုန်)၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ငွေဆောင် ဇုန်)၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် အထွေထွေမန်နေဂျာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
Subscribe to