မိတ္ထီလာမြို့နယ်၌ ကျောင်းသားလူငယ်များ မိမိဝါသနာပါသော အားကစားနည်းများကို စနစ်တကျလေ့ကျင့်လိုက်စားနိုင်ရန် နွေရာသီအခြေခံအားကစားနည်း ၉ မျိုး ဖွင့်လှစ်သင်ကြားသွားမည်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ကျောင်းသားလူငယ်များ မိမိဝါသနာပါသော အားကစားနည်းများကို စနစ်တကျလေ့ကျင့်လိုက်စားနိုင်ရန် နွေရာသီအခြေခံအားကစားနည်း ၉ မျိုး ဖွင့်လှစ်သင်ကြားသွားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါင်းတည်၌ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နတ်တလင်းခရိုင်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့် အဖွဲ့ဝင်များသည်ပေါင်းတည်မြို့နယ်အတွင်းရှိ မွေးမြူရေး လုပ်ငန်းများအား ဇန်နဝါရီ ၂၉ ရက်က ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မုံရွာမြို့ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ရွှေပြည့်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ရွှေပြည့်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းမင်္ဂလာ အခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီ တော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မိုးညိုမြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိ့နိူင်းအစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်၊ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဥပဒေအသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့နံနက်ပိုင်း၌ ကျင်းပပြုလုပ်သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ငလျင်ဘေးကြောင့် ထိခိုက်ခံခဲ့ရသည့် ဘုရားစေတီနှင့် သာသနိကအဆောက်အဦများ ပြုပြင်နေမှုကြည့်ရှု၊ နွေစပါးမျိုးစေ့နှင့် သွင်းအားစု ဖြန့်ဖြူးပေးအပ်ပွဲ တက်ရောက်၊ နွေစပါးစိုက်ပျိုးရေပေးဝေမှုကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ချမ်းမြေ့မြိုင်ရိပ်သာကျောင်းတိုက်တွင် ငလျင်ဘေးကြောင့် ထိခိုက်ခံခဲ့ရသည့် သာသနိကအဆောက်အဦများအား အလှူရှင်၊ စေတနာရှင်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းတိုင်ဆရာတော် ဘဒ္ဒန္တဣန္ဓကအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့သည်။

ကျိုက်မရောမြို့နယ်၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျိုက်မရောမြို့နယ်၌ မြို့နယ်အဆင့်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ကျင်းပသည်။

ပေါင်းတည်၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့က မြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းကို ဇန်နဝါရီလ ၂၈ ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

သန်လျင်မြို့ကျိုက်ခေါက်စေတီ ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် မဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကို ယနေ့နံနက် (၇) နာရီခွဲတွင် စေတီတော်ရင်ပြင် ရှုခင်းသာတန်ဆောင်း၌ ကျင်းပသည်။
Subscribe to