မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အထူးကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်
Mar 09,2025
ကျန်းမားရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းရုံး (ဗဟို)တွင် ကျင်းပပြုလုပ်သည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အထူးကွင်းဆင်းဆေးကုသခြင်းကို ဆောင်ရွက်ခဲ့ရာ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့အဖွဲ့ဝင် ဦးစိုးဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်အေး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများမှ ဥတ္တရသီရိမြို့နယ်အတွင်းရှိ လာရောက်ပြသည့် ဒေသခံပြည်သူများအား တိုင်းရင်းဆေးဖြင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခြင်းနှင့် တိုင်းရင်းဆေးဝါးများ လက်ဆောင် ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။