ကျောက်ဆည် ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုပြုဌာနတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် အရည်အသွေးရှိသော သတင်းများရေးသားနိုင်ရေး သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် သတင်း ရေးသားခြင်း အကြောင်းများကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်စေရန် ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်းနှင့် သတင်းကောင်းတစ်ပုဒ်အတွက် လိုအပ်ချက်၊ သတင်းအချက်အလက် စုဆောင်းခြင်း၊ သတင်းရေးသားခြင်းအကြောင်းများနှင့် ဓာတ်ပုံကျွမ်းကျင် (၂)ဦး သက်မောင်က သတင်းဓာတ်ပုံ ရိုက်ကူးခြင်း၊ သတင်းဦးနှင့် သတင်းဆောင်းပါးရေးနည်းများကို စာတွေ့လက်တွေ့ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်ဆည်ခရိုင် စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၂၀၂၅ခုနှစ်၊ ဇူလိုင်(၂၁)ရက်မှ (၂၂)ရက်အထိ နှစ်ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)