သတင်းများ

ကျိုက်လတ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ရန်လျာထားသည့်လုပ်ငန်းများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Jul 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်လျာထားသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မိုင်းပန်မြို့နယ်၌ လယ်ယာမြေရေကြီးနစ်မြုပ်မှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Jul 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့်၊ နမ့်ပန်ချောင်းရေတက်လာပြီး လယ်ယာမြေရေကြီးနစ်မြုပ်မှုခံရသည့် တောင်သူတို့၏ကွင်းများသို့ သက်ဆိုင်ရာတာဝန်ရှိသူများ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူခရိုင် စုပေါင်းရုံး၌ နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများ စျေးနှုန်းချိုသာစွာရောင်းချ
Jul 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ စီစဥ်ကြီးကြပ်မှုဖြင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ ပူးပေါင်းအဖွဲ့က နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများကို အလွယ်တကူဝယ်ယူနိုင်ရေးနှင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ယမန်နေ့နံနက်က ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စက်ချုပ်နည်းပညာ (မွမ်းမံ)သင်တန်းဖွင့်လှစ်
Jul 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် ပအိုဝ်းရိုးရာအမျိုးသမီးဝတ်စုံ စက်ချုပ်နည်းပညာ(မွမ်းမံ)သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။
သုံးခွမြို့နယ် ကြက်ခြေနီအသင်းခွဲသို့ ကြက်ခြေနီလူနာတင်ယာဉ် လှူဒါန်း
Jul 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ကြက်ခြေနီအသင်းခွဲသို့ ကြက်ခြေနီလူနာတင်ယာဉ်လှူဒါန်းပွဲကို ဇူလိုင်လ (၂၀)ရက်နေ့က ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသဆောင်ရွက်
Jul 22,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မင်းကုန်းရပ်ကွက်အတွင်းရှိ ပြည်သူများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများက (အခမဲ့) နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကုသပေးခဲ့ကြောင်း သိရသည်။
မိုင်းရယ်၌ MEVM (မြန်မာအီလက်ထရောနစ်မဲ‌ပေးစက်) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ
Jul 22,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် MEVM (မြန်မာအီလက်ထရောနစ်မဲ‌ပေးစက်) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက နမ့်ရယ်ခန်းမ၌ ကျင်းပသည်။
ကျိုင်းတုံမြို့ အကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူများအား စာအုပ်/စာစောင်များ ဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ပေး
Jul 22,2025
ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။