ဆိပ်ဖြူ စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များတွင် သက်တမ်းလွန်စားသောက်ကုန်များနှင့် ဓာတုဆေးဝါး၊ ဆိုးဆေးများ ပါဝင်သည့် စားသောက်ကုန်များ ရောင်းချမှုမရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ ဒေသခံပြည်သူများထံ ဖြန့်ဖြူးရောင်းချလျက်ရှိသည့် စားသောက်ကုန်များ သက်တမ်းလွန် အစားအသောက်များ ရောင်းချခြင်း၊ အစားအစာများတွင် ဓာတုဆေးဝါးများ၊ ဓာတုဆိုးဆေးများ သုံးစွဲထားသည့် စားသောက်ကုန်များ ရောင်းချခြင်း ရှိ၊ မရှိ နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခွင့်ပြုချက်မရှိသော အစားအစာများနှင့် လူသုံးကုန်များ၊ တရားဝင်မှတ်ပုံထားခြင်းမရှိသည့် လူသုံးကုန်နှင့် စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)