မြောက်ဥက္ကလာပ စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ပြသခြင်းကို စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီခွဲက အ.လ.က (၇) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အ.လ.က (၇) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မြမြဝင်းက စာကြည့်တိုက်ဆိုင်ရာအကြောင်းအရာများ၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းအပြင် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားအသက်အရွယ်နှင့် ပတ်သက်ပြီး ရပိုင်ခွင့်များနှင့် ပြဌာန်းထားရှိသည့် ဥပဒေများစသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်/ဆက်ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမား အသိပညာပေးနံရံကပ်စာစောင်၊ သွေးလွန်တုပ်ကွေးရောဂါအသိပညာပေး၊ အမျိုးသမီးအကြမ်းဖက်မှုနှင့်မှုခင်းကာကွယ်ရေးအတွက် အမျိုးသမီးများသိထားသင့်သည့် အချက်များ၊ လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များ၊ ကလေးစစ်သားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)