ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ဒဂုံတောင် စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးရည်ရွယ်ကာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

ဟောပြောပွဲတွင် ရန်ကုန်လျှပ်စစ်ဓာတ်အား‌ပေးရေးကော်ပိုရေးရှင်း ဒါရိုက်တာအဖွဲ့ဝင် ၃ ဦးမင်းစိန်က အဂတိလိုက်စားမှု၏အဓိပ္ပါယ်၊ အဂတိတရားလေးပါး၊ အဂတိလိုက်စားမှု ဖြစ်‌ပေါ်စေသောအကြောင်းအရာများ ရှောင်းရှားရမည့်လမ်းစဉ်များစသဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ ရန်ုကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဒါရိုက်တာအဖွဲ့ဝင်များ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးသန်းဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းနိုင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ထောက်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်သူများ စုစုပေါင်း ၁၃၅  ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သန်းသန်းအေး