ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ပြုလုပ်

မောင်တော  စက်တင်ဘာ  ၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊  မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်ကာ ၂၄ ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန် သာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

၂၄ ကြိမ်မြောက် မောင်တောခရိုင်အဆင့် အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲကျင်းပပြုလုပ်ရာ အသက် ၁၀ နှစ်မှ ၁၅ နှစ် ခေတ် ဟောင်းကာလပေါ်တေးသီချင်း၊  အသက် ၁၅ နှစ် မှ ၂၀ နှစ် ခေတ်ဟောင်း ကာလပေါ် တေးသီချင်း၊ ဝါသနာရှင် (ဒုတိယ)တန်း (မဟာဂီတ)၊ ဝါသနာရှင် ဒုတိယတန်း (ခေတ်ဟောင်းကာလပေါ်)နှင့် အမျိုးဂုဏ် ဇာတိဂုဏ်သီချင်းများဖြင့်  ဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူလေးများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ၂၄ ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိကြသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆုများ အသီး သီး ချီးမြှင့်ပေးခဲ့ကြရာ ပြိုင်ပွဲဝင်ဆုရရှိသူများကလက်ခံရယူခဲ့ကြပြီး ၂၄ ကြိမ်မြောက် မောင်တောခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်လူကြီးများအဖြစ် ပါဝင်ခဲ့ ကြသူများကိုလည်း လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်ဝါသနာရှင်များ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်