ညောင်ဦး စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ဧရာဝတီမြစ်ရေ ဝင်ရောက်လျက်ရှိရာ မြစ်ရေကြီးခြင်းကြောင့် ဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မြစ်ကမ်းဘေးတစ်လျှောက်နေထိုင်ကြသူ ပြည်သူများကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်စေရန် လိုက်လံသတိပေးဆော်ဩခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြစ်ကြောင်း တစ်လျှောက် သတိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့လိုက်လံသတိပေးခြင်းများဆောင်ရွက်ခဲ့ရာ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် စီမံအဖွဲ့ဝင်များသည် ညောင်ဦးမြို့နယ် မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်မှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် ညောင်ဦးခရိုင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်နှင့်ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ၊ ရေအရင်းမြစ်နှင့်မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးလှမင်းထက်(ဦးစီးအရာရှိ)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ညောင်ဦးမြို့ အမှတ်(၁) ရပ်ကွက်၊ သာယာဝတီသင်္ဘောဆိပ်မှစတင်၍ ဗူးဘုရားစက်လှေဆိပ်ကမ်းအထိ ဧရာဝတီ မြစ်ကမ်းဘေးနေပြည်သူများ မြစ်ရေကြီးမှု သတိပြုနေထိုင်ကြရန် လှည့်လည်သတိပေးနှိုးဆော်ခဲ့ကြောင်း၊ မြစ်ရေကြီးမှုကြောင့် မြွေအန္တရာယ်သတိပြုနေနိုင်ကြရန်၊ ရေသန့်များဆောင်ထားကြရန်၊ တံငါသည်များရေ လမ်းကြောင်းသတိပြုသွားကြရန်တို့အား သတိပေးနှိုးဆော်ခဲ့ကြောင်း ဘေးအန္တရာယ် တစ်စုံတစ်ရာကျရောက်လာပါက ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ဂျူတီဖုံး ၀၆၁ ၂၄၆၀၁၉၁၊ ၁၉၁ တို့အား အကူအညီတောင်းခံနိုင်ကြောင်း တစ်လျှောက် Speed Boad ပေါ်မှ Hand Speaker များဖြင့်သတိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ဒီပါလင်း