မိုင်းနောင် စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ရုံး (Community Centre) တွင် (Book Club) အသင်းဝင်များက စာရေးဆရာမောင်ခင်မင် (ဓနုဖြူ) ၏ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ (Book Club) အသင်းဥက္ကဋ္ဌ ဦးစည်သူထွန်းက အဖွင့်အမှာစကားအဖြစ်စာပေ ဖတ်ရှုလေ့လာမှုမှ မျိုးဆက်သစ်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို လက်ဆင့်ကမ်းအမွေပေးနိုင်ရေးအတွက် လူကြီးများက စာပေအသိဝမ်းစာ စုဆောင်းထားကြရန်လိုအပ်ကြောင်း ပြောကြားကာ မြို့ဦးစီးမှူး ဒေါ်နန်းမီးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာသော (Book Club) အသင်းဝင် (၁၁) ဦးတို့က မိမိတို့ဖတ်ရှုလေ့လာထားသော စာရေးဆရာမောင်ခင်မင် (ဓနုဖြူ) ၏ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်မှ လူငယ်နှင့်ပညာဆိုင်ရာ စာစုခေါင်းစဥ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)