မောင်တော စက်တင်ဘာ ၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်ကာ ၂၄ ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ၂၄ ကြိမ်မြောက် မောင်တောခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအခမ်းအနားကို ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးက ၂၄ ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဘူးသီးတောမြို့နယ်မှ ဝါသနာရှင်အကအဖွဲ့မှ သမိုင်းသက်သေ တေးသီချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့ကြပြီး ဘူးသီးတောမြို့နယ်မှ ကဗျာလွတ်အကဖြင့် ကပြယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ၂၄ ကြိမ်မြောက် ခရိုင်အဆင့် အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပြုလုပ်ရာ အသက် ၁၀ နှစ်မှ ၁၅ နှစ်ခေတ် ဟောင်း ကာလပေါ် တေးသီချင်း၊ အသက် ၁၅ နှစ် မှ ၂၀ နှစ် ခေတ်ဟောင်းကာလပေါ် တေးသီချင်း၊ ဝါသနာရှင်(ဒုတိယ) တန်း (မဟာဂီတ)၊ ဝါသနာရှင် ဒုတိယတန်း (ခေတ်ဟောင်းကာလပေါ်)နှင့် အမျိုးဂုဏ် ဇာတိဂုဏ်သီချင်းများဖြင့် ဝါသနာရှင်များ၊ ကျောင်းသား၊ကျောင်းသူလေးများက ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)