ပေါင်မြို့နယ်၌ ဂရုဏာလက်များခေါင်းစဥ်ဖြင့် အခြေခံပညာကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲ ကျင်းပ

ပေါင် စက်တင်ဘာ ၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌  ဂရုဏာလက်များခေါင်းစဥ်ဖြင့် အခြေခံပညာကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက (အ.ထ.က) ပေါင်  ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ပန်းချီပြိုင်ပွဲယှဉ်ပြိုင်ရာတွင် လိုက်နာရမည့် စည်းမျဥ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး  ဂရုဏာလက်များခေါင်းစဥ်ဖြင့်  ပန်းချီပြိုင်ပွဲ  စတင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပန်းချီပြိုင်ပွဲကို  အထက်တန်းအဆင့်  (၁၄) ဦး၊ အလယ်တန်းအဆင့် (၃၅) ဦး၊  မူလတန်းအဆင့် (၂၉) ဦးစုစုပေါင်း (၇၈) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ  ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)