ကျောက်ဖြူ စက်တင်ဘာ ၆
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော လမ်းတံတားများကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို ကျောက်ဖြူခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးမောင်မောင်ကျော်၊ စီမံကိန်းစစ်ဆေးရေးနှင့်အရည်အသွေး ထိန်းသိမ်းရေးဌာန(QC)၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးမောင်မောင်မိုးဝင်းနှင့်အဖွဲ့ ကျောက်ဖြူမြို့၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ)၊ ဦးဖြိုးမင်းအောင်နှင့် ကုမ္ပဏီများမှတာဝန်ရှိသူများက ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော မျှောချောင်းသိုင်းချိန် ကျေးရွာချင်းဆက်လမ်းနှင့် စံပါယ်ချောင်-အနောက်ထိန်ဒွေ ကျေးရွာချင်းဆက် လမ်းတည်ဆောက်ရေးလုပ်ငန်းများကို သွားရောက်စစ်ဆေးပြီး လုပ်ငန်းများနှင့်ပတ်သက်၍ အရည်အသွေးပြည့်မှီစွာဖြင့် သတ်မှတ်ချိန်တွင် အချိန်မီပြီးစီးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ခရိုင်(ပြန်/ဆက်)