လွိုင်လင်မြို့၌ အမျိုးသမီးများနှင့် ကလေးငယ်များ အကြမ်းဖက်ခံရပါက တိုင်ကြားနိုင်မည့် မြေစိုက်ပိုစတာ စိုက်ထူ

လွိုင်လင်  စက်တင်ဘာ ၆

လူမှုဝန်ထမ်းဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ ကြီးမှူး၍ အမျိုးသမီးများနှင့် ကလေးငယ်များ အကြမ်းဖက်ခံရပါက တိုင်ကြားနိုင်မည့် ၂၄ နာရီ Helpline ဝန်ဆောင်မှု မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် (၀၉:၃၀)နာရီက လွိုင်လင်မြို့ မြို့မဈေးကြီးရှေတွင် စိုက်ထူပါသည်။

အဆိုပါမြေစိုက်ပိုစတာတွင် ပဋိပက္ခဖြစ်စဉ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများ၊ သက်ငယ်မုဒိမ်းမှုများ၊ ကျားမအခြေပြုအကြမ်းဖက်မှု၊ ကလေးသူငယ်မသန်စွမ်း၊ သက်ကြီးရွယ်အိုကိစ္စရပ်များကို တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားသူများအား ဉပဒေအရ စိစစ်အရေးယူဆောင်ရွက်နိုင်ရေး အကူအညီပေးသွားမည်ဖြစ်ကြောင်းနှင့် တိုင်ကြားသူများ၏ သတင်းအချက်အလက် မပေါက်ကြားစေရေးကို အထူးအလေးထား ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန  ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမော်ထံမှ သိရသည်။

မြေစိုက်ပိုစတာ စိုက်ထူခြင်းကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိူသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ တက်ရောက်ကြသည်။

ခရိုင်(ပြန်/ဆက်)