ပင်လုံတက္ကသိုလ်၌ လူငယ်သီတင်းပတ်လှုပ်ရှားမှု စျေးရောင်းပွဲအခမ်းအနား ကျင်းပ

ပင်လုံ စက်တင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရှိ ပင်လုံတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူငယ်သီတင်းပတ်လှုပ်ရှားမှု စျေးရောင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉)ခွဲအချိန်က ကျောင်းသား/ကျောင်းသူ နားနေဆောင်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားကို ပင်လုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီလာမြင့်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းလွင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်လေးရီတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး လူငယ်သီတင်းပတ်လှုပ်ရှားမှု စျေးရောင်းပွဲအား ကျင်းပ၍ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။ 

ထို့နောက် ကြွရောက်လာကြသော ဧည့်သည်တော်များအား အနုပညာခန်းမတွင် ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြို့နယ် (ပြန်/ဆက်)