သာပေါင်း စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်ကုန်စျေးနှုန်းထိန်းညှိ လျှော့ချရေး ကော်မတီအဖွဲ့နှင့် စည်ပင်သာယာရေး အဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာတို့မှ ဝက်သား၊ ကြက်သွန်ဖြူ/နီ၊ အာလူး၊ ကြက်/ဘဲဥနှင့် ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား အခွန်လွတ်ဈေး တွင် ယမန်နေ့ နံနက် ၇ နာရီအချိန်က ရောင်းချပေးခဲ့ကြသည်။
အခွန်လွတ်ဈေးတွင် မြို့နယ်ကုန်စျေးနှုန်း ထိန်းညှိလျော့ချရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ တိမွေးကုဦးစီးမှူး ဒေါက်တာ ကျော်လင်းနှင့် စားသုံးသူရေးရာဦးစီးဌာ၊ ဦးစီးမှူး ဦးထွန်းမင်းလက်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်နှင့် ဝန်ထမ်းတို့က ပြင်ပ ဈေးနှုန်းထက် သက်သာစွာဖြင့် အခြေခံစားသောက်ကုန်များဖြစ်သော ဝက်သား(၂၅)ကျပ်သား (၃၀၀၀)ကျပ် ဈေးနှုန်းဖြင့်(၁၂)ပိဿာ၊ ကြက်ဥတစ်လုံး (၂၅၀)ကျပ် ဈေးနှုန်းဖြင့် (၄၄)လုံး၊ ဘဲဥ တစ်လုံး(၃၀၀)ကျပ် ဈေးနှုန်းဖြင့်(၈၅)လုံး၊ ကြက်သွန်ဖြူ တစ်ပိဿာ(၈၀၀၀)ကျပ် ဈေးနှုန်းဖြင့်(၆.၂၅)ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာ(၁၉၀၀)ကျပ် ဈေးနှုန်းဖြင့် (၅.၅၀)ပိဿာ၊ အာလူး တစ်ပိဿာ(၃၀၀၀)ကျပ် ဈေးနှုန်းဖြင့် (၄.၅၀) ပိဿာ၊ ဟင်းသီးဟင်းရွက်မျိုးစုံ (၁၀၆၀၀)ကျပ်ဖိုးတို့ကို ပြည်သူများက ဝယ်ယူအားပေးကြရာ ရောင်းချပေး ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်