မင်းတုန်း စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် ယခုလ ၄ ရက်နေ့မှစ၍ အားကစားဖွံ့ဖြိုးတိုးတက်ရေး(TSDP)အစီအစဉ်အရ အသက်(၂၅)နှစ်အောက် (အမျိုးသား)ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကျင်းပရာ ယနေ့နံနက် ၈ နာရီက အမှတ်(၂) ရပ်ကွက်ရှိ အားကစားခန်းမတွင် အမှတ်-၁ ရပ်ကွက်အသင်းနှင့် အမှတ်-၃ ရပ်ကွက်(က)အသင်းတို့ ပိုက်ကျော်ခြင်း ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားရာ အမှတ်-၃ ရပ်ကွက်(က) အသင်းက အနိုင်ရရှိခဲ့သည်။
ထို့နောက် ဘော်လီဘောပြိုင်ပွဲ ပထမဆု၊ ဒုတိယဆုရရှိသော အသင်းများနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော အသင်းများကို မြို့နယ်အားကစားမှူး ဦးချစ်ကိုကိုအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးကိုကိုခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ခံများက ဆုများ ပေးအပ်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲသို့ ဘော်လီဘောပြိုင်ပွဲကို အသင်း(၄)သင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်း(၁၂)သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)