မိုးမိတ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြော

မိုးမိတ် စက်တင်ဘာ ၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာမြင့်မိုရ်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်စုရည်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ချိုးလင်းသက်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲတို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်တစ်အုပ်စီနှင့် အချိုရည်ဘူးများ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူဌေး(ခရိုင်၊ ပြန်/ဆက်)