ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂) နှစ်အောက် ကလေးငယ်များအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပထမသုံးလပတ် ထောက်ပံ့ကြေးငွေများပေးအပ်

မောင်တော စက်တင်ဘာ ၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့်နှစ်နှစ်အောက်က လေးငယ်များအား  အာယာရဖွံ့ဖြိုးစေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်  ပထမသုံးလပတ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ထောက်ပံ့ပေး အပ်ခဲ့ကြသည်။

ထိုသို့ ထောက်ပံ့ပေးရာတွင် မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်နှင့် ဝန်ထမ်းများ၊  ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ သုံးလပတ် ဧပြီ၊ မေ၊ ဇွန်လ များအတွက် မောင်တောမြို့နယ်အတွင်း   ကိုယ်ဝန်ဆောင်မိခင် (၆၇၂) ဦး၊ အသက် (၂) နှစ်အောက် ကလေးသူငယ် (၃၄၈၈) ဦးဖြစ်ရာ မောင်တောမြို့နယ်အတွင်း အကျိူးခံစားခွင့်ရှိသူ စုစုပေါင်း (၄၁၆၀) ဦးအတွက်  သုံးလစာငွေကျပ် (၄၅၀၀၀) နှုန်း စုစုပေါင်းငွေကျပ် (၁၇၃၉၇၀၀၀၀) ကျပ်အား ထောက်ပံ့ပေးမည်ဖြစ်ပြီး  ရပ်ကွက်ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက တဆင့်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)