သတင်းများ

ရေစကြိုမြို့နယ် သက်သာချောင်ချိရေးအဖွဲ့မှ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆီများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ
Sep 12,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ‌ရေစကြိုမြို့နယ် သက်သာချောင်ချိရေးအဖွဲ့မှ ရုံးပေါင်းစုံအတွင်းရှိ ဗိုလ်ချုပ်ပန်းခြံတွင် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆီများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Sep 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ စက်တင်ဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦးစီး၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ကျောက်တလုံးကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
သရက်မြို့၌ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေးအစီအစဉ် ဆောင်ရွက်
Sep 12,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေးအစီအစဉ် ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက် ဆွေးနွေးခဲ့သည်။
ဒလမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ တိုးတက်စေရန်နှင့်ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Sep 12,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ တိုးတက်စေရန်နှင့်ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အံ့ကြီးအနောက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ.လ.က (၃) ခန်းမ၌ ကျင်းပခဲ့သည်။
မူဆယ်မြို့(Community Centre )ခန်းမ၌  စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်း ပြုလုပ်
Sep 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂:၃၀) နာရီအချိန်က စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်း တူးဖော်ဆောင်ရွက်
Sep 12,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ရှောက်တောကျေးရွာတွင် မိုးရာသီကာလ ရေစီးရေလာကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများ ရေကြီးရေလျှံမှုအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဌာန၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ရေဆိုးထုတ် မြေသားမြောင်းအား အုတ်ရေနုတ်မြောင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကဝမြို့နယ်တွင် အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။