မန်တုံ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနဝန်ထမ်းများမှ အခြေခံပညာအလယ်ကျောင်း(ခွဲ)၊ ဟိုခို၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လွေးအေးတင်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ကျန်းမာရေး အစရှိသည့်ခေါင်းစဉ်ပါ အကြောင်းအရာများနှင့် လူ့လောကတွင် စာတတ်ဖို့၊ ပညာတတ် ဖို့အရေးပါကြောင်း၊ ပညာမရှိသူနှင့်ပညာရှိသူ၊ ပညာနည်းသူနှင့်ဉာဏ်ပညာကြီးမားသူများရဲ့ ဘဝအောင်မြင်မှုများသည် မတူပါကြောင်း၊ စာတတ်ခြင်းနှင့် ပညာတတ်ခြင်းမတူညီကြောင်း၊ စာတတ်ခြင်းဆိုသည် အတန်းအောင်တာ၊ ဘွဲ့ရတာ၊ ကျောင်းပြီးတာဖြစ်ကြောင်း၊ ဘဝတစ်လျှောက်လုံး ကျန်းကျန်းမာမာနှင့် အသက်ရှည်ရှည် အဆင်ပြေပြေနေနိုင်ရန် အသိပညာ၊ ဗဟုသုတများ ပြည့်ဝဖို့ရန်လိုအပ် ကြောင်းအစရှိသည်များကို ကျောင်းသား လူငယ်လူရွယ်များ အသိပညာဗဟုသုတရဖွယ် ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်တုံ(ပြန်/ဆက်)