ပြည်မြို့နယ်အတွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပြည် စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး(၁၂) နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး လုပ်ငန်ညှိနိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာရုံး၌ကျင်းပရာ ရှေးဦးစွာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာငြိမ်းငြိမ်းအေးက အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကေခိုင်ဝင်းက မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထိုးနှံမှု လွှမ်းခြုံထားမှုအခြေအနေ၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်မည့် အစီအစဥ်များ၊ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု အခြေအနေနှင့် ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးမထိုးသင့်သော အခြေအနေများအကြောင်းနှင့် သာအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Gordasil သည်မျိုးစိတ် (၆/၁၁/၁၆/၁၈) (၄) မျိုးကို ကာကွယ်ပေးနိုင်ပြီး တစ်ကြိမ်တည်းသာထိုးနှံရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို (၁.၉.၂၀၁၁) မှ (၃၁.၈.၂၀၁၄) တွင် မွေးဖွားသော ကျောင်းနေအရွယ် ကျောင်းသူများကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းကို (၁၈.၉.၂၀၂၃) ရက်နေ့မှ (၂၉.၉.၂၀၂၃) ရက်နေ့အထိလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေး ထိုးနှံခြင်းကို (၁၆.၁၀.၂၀၂၃) ရက်နေ့မှ (၂၇.၁၀.၂၀၂၃) ရက်နေ့အထိ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကျန်မားရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြောင်း သိရသည်။

ကိုစိုး(ပြည်)