မန်တုံမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသော “ ကလေးစိတ်ပညာ ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မန်တုံ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက်(၉:၃၀)နာရီ အချိန်က  ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၁၁)မှ စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသည့် “ကလေးစိတ်ပညာ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို အောင်ချမ်းသာ(ဘက)ကျောင်းရှိ မူလတန်းလွန် ကျောင်းသား၊ ကျောင်းသူများနှင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက် ကို ဦးစွာရှင်းလင်းပြီး မအေးမြ(Grade-6)မှ “အောင်မိုးသည် ကျွန်တော်တို့ အတန်းဘေးမှ ကာထားသောဝါးထရံကို သူ့မှာပါလာသည့် မောင်းချဓားနှင့်လှီး၍ အပေါက်ဖြစ်အောင်လုပ်နေသည်” အစရှိသော စာပိုဒ်အားလည်းကောင်း၊ မအမ်ဘွဲ့ (Grade-6)မှ “သတ္တမတန်းတွင် အောင်မိုးသည် အသက်အကြီဆုံးနှင့် ရန်အစွာဆုံးဖြစ်းသည်”အစရှိသော စာပိုဒ်အားလည်းကောင်း၊ ၊  မယေအိုင်(Grade-6)မှ ဆရာ၏လေသံကတင်းမာသည်။ ဆရာဒေါသဖြစ်နေဟန်တူသည်”အစရှိသည့်စာပိုဒ်အားလည်းကောင်း၊ မောင်စံလူ (Grade-6)မှ “မောင်ထွေး ကြောက်ကြောက်ရွံ့ရွံ့နှင့် မတ်တပ်ထရပ်သည်” စသည့်အကြောင်းအရာများကို အသီးသီး ဖတ်ကြားပြီးအပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

မန်တုံ (ပြန်/ဆက်)