ပန်ဆိုင်း(ကြူကုတ်)မြို့တွင် မြို့အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပန်ဆိုင်း စက်တင်ဘာလ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ မြို့အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်က မိမိတို့ဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အလေးထားလုပ်ဆောင်ရန်၊ မြို့တွင်းလုံခြုံရေး၊ မြို့တွင်းသန့်ရှင်းသပ်ရပ် သာယာလှပစေရေး ဆောင်ရွက်ရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားလုံး တွဲလက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ယခုအခါသည် မိုးရာသီဖြစ်သောကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုတို့ကို ဂရုပြု ကြိုတင်ကာကွယ်ဆောင်ရွက်ထားရှိကြရန် ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် မြို့အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်မှူးများက သက်ဆိုင်ရာဌာန၊ ရပ်ကွက်အလိုက် လုပ်ငန်းဆောင်ရွက်ရန် လျာထားမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ မြို့အုပ်ချုပ်ရေးမှူးက တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)