ခရမ်းမြို့နယ်တွင် အသက် (၉) ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များ အားသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးလုပ်ငန်း လမ်းညွှန်ဆွေးနွေးပွဲကျင်ပ

ခရမ်း စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ယနေ့နံနက် (၁၀) နာရီက ခရမ်းမြို့ ပြည်သူ့ ဆေးရုံအစည်းဝေးခန်းမတွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းလမ်းညွှန်ဆွေးနွေးပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ခင်မောင်ရင်က HVP Vaccine ကာကွယ်ဆေးထိုးနှံရေးနှင့် ပတ်သက်၍ လုပ်ငန်းအစီအစဥ်များကို ဆွေးနွေးပေးခဲ့ပါသည်။

အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် အုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များမှ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများမှ သိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ကိုမင်း (ခရမ်း)