သတင်းများ

မိတ္ထီလာခရိုင်တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 20,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က အောင်မင်္ဂလာခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့ ဂုဏ်ရည်ထူးအောင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Sep 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ဂုဏ်ရည်ထူးအောင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
လဲချားမြို့နယ် အ-ထ-က-ခွဲ(နောင်မိန်း)ကျောင်းတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Sep 20,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်  သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး အသိပညာပေး ဟောပြောပွဲနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲ အချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ(နောင်မိန်း)တွင် ပြလုပ်ခဲ့ပါသည်။
မြစ်သားမြို့နယ် ကျီတော်ကုန်းကျောင်း၌ လူငယ်ရေးရာဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲ အခမ်းအနားကျင်းပ
Sep 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသော လူငယ်ရေးရာဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က  မြို့မအရှေ့ရပ်ကွက်အတွင်းရှိ  ကျီတော်ကုန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ (တစ်ပေခန့်)ဆက်လက် ရေကျော်ကျ
Sep 20,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်  စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ဆည်၏အထက်ပိုင်း၌ မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့်  ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျမှုများရှိရာ ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရေပိုလွှဲမှ(တစ်ပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း  မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Sep 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၁) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား အများနှင့်အတူ ပါဝင်ယှဉ်ပြိုင်တတ်သည့် အလေ့ကျင့်ကောင်းများရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ပိုမိုဖွံ့ဖြိုးလာစေရန် ပြိုင်ပွဲများ ကျင်းပ
Sep 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ပြိုင်ဆိုင်မှုများနှင့် ဉာဏ်ရည်ဉာဏ်သွေး ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ပြီး ဖိတ်ခေါ်ကျင်းပသည့် ပန်းချီ၊ ပုံပြော၊ ကဗျာရွတ်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ကျင်းပခဲ့သည်။
မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Sep 20,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club) တို့ပူးပေါင်း၍ စာရေးဆရာကျော်ကျော်လှိုင် ရေးသားသည့် "လူတွေရဲ့ချစ်ခင်မှုကိုရအောင်" စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။