မိုးညို စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club) တို့ပူးပေါင်း၍ စာရေးဆရာကျော်ကျော်လှိုင် ရေးသားသည့် "လူတွေရဲ့ချစ်ခင်မှုကိုရအောင်" စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက လူငယ်လူရွယ်များစာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများစွာ ရရှိသည့်စာအုပ်စာပေများကိုသာ ဖတ်ရှုကြစေရန်၊ မိမိတို့ဖတ်ရှုထားသည့် စာအုပ်များထဲမှ အသိဗဟုသုတများကို အခြားသူများသို့တစ်ဆင့် မျှဝေဆွေးနွေးတတ်စေရန် စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာပေချစ်သူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးမြသန်းက "မိမိတန်ဖိုးကိုမြှင့်ပါ"၊ (Women Club) အဖွဲ့ဝင်ဒေါ်ဖြူဖြူစိုးက “ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ပြောသင့်ပြောထိုက်တဲ့စကားကိုပြောပါ”၊ (Book Club) အဖွဲ့ဝင်ဦးစံလင်းက "လူတွေကိုကောင်းတဲ့ဂုဏ်ပုဒ်တွေပေးပါ" ခေါင်းစဉ်များဖြင့် ဖတ်ကြားခဲ့ရာ ခေါင်းစဉ်ပါအကြောင်းအရာများအား စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)