သတင်းများ

မိုးစပါးစံပြကွက်(၁၅၀)ဧကအတွင်း သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ အချိုးကျရောစပ် ကြဲပက်
Sep 20,2023
ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံပြကွက်(၁၅၀)ဧကအတွင်း သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာရောစပ်ကြဲပက်ခြင်း၊ ကြားပေါင်းလိုက်ခြင်းကွင်းသရုပ်ပြပွဲနှင့် မိုးစပါးစိုက်တောင်သူများအား မြေဩဇာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခန့်က လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ ကွင်းအမှတ်- ၁၄၂၄(ခ)၊ ထီလုံအလယ်ကွင်း၊ တောင်သူဦးရာမူးပါ ၂၅ ဦး၏မိုးစပါးစိုက်ခင်း၌ ကျင်းပခဲ့သည်။
မိုးကောင်းမြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Sep 20,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီတွင် အထက(၁) ကျောင်း မဉ္ဇူသကခန်းမ၌ ကျင်းပခဲ့သည်။
ကမမောင်းမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်
Sep 20,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ အသက် (၉) နှစ် ပြည့်ပြီး (၁၂)နှစ် မကျော်သေးသည့် မိန်းကလေးများအားလုံးကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေး (HPV) စနစ်တကျ စတင်ထိုးနှံနိုင်ရေး အခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
စစ်ကိုင်းမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ
Sep 20,2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖတိတီးပေးရေးလုပ်ငန်းကော်မတီနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ တန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြိုနယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများ စတင်ဆောင်ရွက်
Sep 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းများကို စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါ တားမြစ်ချက်များနှင့် Quick win အစီအမံ (၅)ရပ်ကို လိုက်နာမှုရှိစေရေးတို့အတွက် ၂၀၂၃ ခုနှစ် စက်တင်ဘာလ‌ ၁၈ ရက်နေ့တွင်
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲ ပြုလုပ်
Sep 20,2023
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန် မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက်  Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်  ရေးသားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲနှင့် စာကြည့်တိုက်သို့ လစဉ်ရောက်ရှိလာသည့် စာအုပ်များ အား စာဖတ်သူများ ကြည့်ရှုလေ့လာနိုင်ရန်အတွက် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်  ၁၁ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့၌ အဲယားကွန်းတပ်ဆင်ပြုပြင်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး ကော်မတီမှ ကြီးမှူးဖွင့်လှစ်သော အဲယားကွန်းတပ်ဆင်ပြုပြင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်းက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းစံမြို့ဝမ်လီကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ
Sep 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (ကိုယ်စား) ဒေါ်ကေသွယ်စိုးက မိမိတို့ဌာန အနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးနေသည့် ဌာနဖြစ်ကြောင်း စာကြည့်တိုက်သို့ လူကြီး၊ လူငယ်၊ လူလတ်မရွေး ဝင်ထွက်သွားလာလို့ရကြောင်း၊ စာကြည့်တိုက်သို့ လက်ရောက်ရန် အခက်အခဲရှိနေသည့် စာဖတ်ပရိတ်သတ်များသို့ လက်ဝယ်အရောက် စာငှားစနစ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊ စာဖတ်ခြင်းဖြင့်၊ အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အကောင်းအဆိုး၊ အမှားနှင့်အမှန်ကို ခွဲခြားတတ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဟောပြောခဲ့သည်။