လဲချားမြို့နယ် အ-ထ-က-ခွဲ(နောင်မိန်း)ကျောင်းတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေး

လဲချား စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး အသိပညာပေး ဟောပြောပွဲနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲ အချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ(နောင်မိန်း)တွင် ပြလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဌာနမှ HPV ဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း၊ ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံမည့် အစီအစဉ်နှင့် အသက်အရွယ်သတ်မှတ်ချက်များကို အသိပညာပေး ရှင်းလင်းဟောပြောပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇင်မောင်နွယ်နှင့် ဝန်ထမ်းများက (၁.၉.၂၀၁၁ မှ ၃၁.၈.၂၀၂၄) အတွင်းမွေးဖွားသူ အသက်(၉)နှစ်မှ(၁၂)နှစ် အထိ ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို လဲချားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသူလေးများအား သတ်မှတ်ရက်အလိုက် ကွင်းဆင်းထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လဲချား(မြို့နယ်ပြန်/ဆက်)