မြစ်သား စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသော လူငယ်ရေးရာဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့မအရှေ့ရပ်ကွက်အတွင်းရှိ ကျီတော်ကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်သီတာအောင်က လူငယ်ရေးရာဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး “လူငယ်နှင့်ရည်မှန်းချက်”၊“လူငယ်နှင့်စာရိတ္တ”စသည့်ခေါင်းစဉ်များပါ အကြောင်း အရာများကိုအသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ကျီတော်ကုန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဦးမှ ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့သည်။
လူငယ်ရေးရာဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ လူငယ်အသိပညာပေးလှုပ်ရှား ဆောင်ရွက်မှုဓာတ်ပုံများနှင့် သုတ/ရသစာအုပ်စာစောင်များပြသရာ ကျီတော်ကုန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ရဲနိုင်ဦး(မြစ်သား)