အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)၌ လူငယ်စကားဝိုင်းကျင်းပ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်အားပေး
Sep 21,2023
အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က အဆိုပါအထက်တန်းကျောင်း နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျောင်းသား/ကျောင်းသူများက GTHS(ဘားအံ) ကျောင်းတော်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်သည်။