ရေဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် ဓာတ်ပုံပြပွဲ ပြုလုပ်

ရေဖြူ စက်တင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင်  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် ဓာတ်ပုံပြပွဲကို  စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၃ နာရီက   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်က  အသိပညာပေး ဟောပြောပွဲများ  ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ လူငယ်ဟူသည့် အဓိပ္ပာယ်များ၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ ဖြစ်လာစေရေး  လိုက်နာကျင့်သုံးရမည့် အချက်များ၊ လူငယ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ဉာဏ်စမ်းမေးခွန်းများ မေးမြန်းပြီး ဖြေဆိုနိုင်သူများအား ဒုတိယဦးစီးမှူး ဦးဝေယံထွန်းက ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ သုတ/ရသ စာအုပ်စာ‌စောင်များကို ခင်းကျင်းပြသပြီး ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခတ္တာ(ရေဖြူ)