ပိုင်ကျုံ စက်တင်ဘာ ၂၀
ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာ သင်ယူနေသည့် ကျောင်းသား/လူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာများ တိုးတက်ကောင်းမွန်စေပြီး အသိပညာ ဗဟုသုတများ တိုးပွားစေရေးရန်အတွက် အသိပညာပေးရေးလုပ်ငန်းများကို စက်တင်ဘာလ ၁၈ ရက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများတို့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် သက်ဆိုင်ရာကျောင်းမှ တာဝန်ရှိသူတို့က အဖွင့်အမှာစကား ပြောကြားပြီး ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက မိမိဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ပလတ်စတစ်သုံးစွဲပြီး စနစ်တကျ စွန့်ပစ်မှု မရှိပါက ဖြစ်ပေါ်စေမည့် ဆိုးကျိုးများ ပလတ်စတစ် သုံးစွဲမှု လျှော့ချနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးခြင်းများကို ဟောပြောခဲ့သည်။
အသိပညာပေး ဟောပြောပွဲကို ပိုင်ကျုံမြို့ အ-ထ-က နောင်ဘိုကြီးကျောင်းနှင့် မူ(လွန်) ရွာကိုင်းကောင်းကျောင်းတွင် ဆောင်ရွက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)